Breaking News

မျှော်မှန်းချက်များ

အရည်အချင်းပြည့်ဝသော နည်းပညာရှင်များ၊ အတတ်ပညာရှင်များ နှင့်ကျွမ်းကျင် လုပ်သားများ ပေါ်ထွက်လာစေရန် ဒေသလိုအပ်ချက်နှင့်အညီ သက်မွေးပညာသင်တန်းများ ဖွင့်လှစ် သင်ကြား ပေးနိုင်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်

ရည်မှန်းချက်များ

လူငယ်လူရွယ်များမှ အခြေခံပညာအထက်တန်းအဆင့်မှာပင် နည်းပညာဘာသာရပ်များ သင်ကြားလေ့လာခွင့်ရရှိစေရန် လူငယ်၊ လူရွယ်များ အတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်သည့် အတတ်ပညာများလေ့ကျင့် သင်ကြားပေးနိုင်ရန်  ဒေသ အတွင်းစက်မှုပညာကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်

နောက်ခံသမိုင်းကြောင်း

အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ) အစိုးရနည်းပညာအထက်တန်းကျောင်း( မုံရွာ )ကို ၂၀၀၉ခုနှစ် ၊ မေလ ( ၅ )ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)သည် ပြည်ထောင်စုလမ်းမကြီးဘေး ၊ အားသစ်လမ်း နှင့် ဇမ္ဗူ့သပြေ လမ်းကြား ၊ မြို့သစ်ရပ်ကွက် ၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ လောင်ဂျီကျူ့ ၂၂ဒီဂရီ...