ET ဌာနမိတ်ဆက်
လျှပ်စစ်နည်းပညာသင်တန်း ( ET ) ကို ၂၀၀၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။ ET ဌာနမှ သင်တန်းကို ပုံမှန်သင်တန်းနှင့် ကာလတိုသင်တန်းဟူ၍ (၂ ) မျိုးဖွင့်လှစ် သင်ကြားပေးပါသည်။
(၁) ကာလတို သင်တန်း
-ကာလတိုသင်တန်းမှာ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းပညာရပ်ကိုသင်ကြားပေးပြီး အတန်းပညာ
ကန့်သတ်ချက်မရှိ မည်သူမဆို တတ်ရောက်နိုင်ပါသည်။
-သင်တန်းကာလမှာ နာရီပေါင်း (၈၀) ကြာမြင့်မှာ ဖြစ်ပြီး တစ်ကြိမ်လျှင်သင်တန်းသား (၂၀) ဦးလက်ခံ သင်ကြားပေးပါသည်။
-သင်ခန်းစာများကို လက်တွေ့လုပ်ဆောင်စေ၍ အမှန်တကယ်တတ်မြောက်ပြီး သင်တန်းပြီးဆုံးအောင်
တတ်ရောက်လျှင် G.T.H.S မုံရွာမှ သင်တန်းဆင်းလက်မှတ် ထုတ်ပေးပါသည်။
(၂၀၁၇ မှ ၂၀၂၀ ) ထိ သင်တန်းအကြိမ်ရေ ( ၁၆ ) ကြိမ် ဖွင့်လှစ်ပေးပြီးဖြစ်ပါသည်။
(၂) ပုံမှန်သင်တန်း
-ပုံမှန်သင်တန်းတွင် သင်တန်းကာလ ( ၂ ) နှစ်ရှိပြီး စာတွေ့ ၊ လက်တွေ့ များကို သင်ကြားပေးပါသည်။ သင်တန်းကာလတွင် အခြေခံပညာမှ ဘာသာရပ်များနှင့် လျှပ်စစ်နည်းပညာ ဘာသာရပ်များကို သင်ကြားပေးပါသည်။
-လျှပ်စစ်နည်းပညာဘာသာရပ်များတွင်
(က ) လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး
( ခ ) ရှေးဦး သူနာပြုစုနည်းများ ကိုသရုပ်ပြ သင်ကြားပေးခြင်း
( ဂ ) အခြေခံလျှပ်စစ် သဘောတရားများ
( ဃ) အိမ်သုံး လျှပ်စစ်ပစ္စည်းများ တည်ဆောက်ပုံနှင့်ပြုပြင်ခြင်းကို တစ်ဦးခြင်း စာတွေ့၊လက်တွေ့ သင်ကြား
ပေးခြင်း
( င ) အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ စက်ရုံ/အလုပ်ရုံများ၏ လျှပ်စစ်သွယ်တန်းခြင်းများကို နည်းစနစ်မှန်
ကန်စွာ သင်ကြားပေးပြီး အဖွဲ့လိုက် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်စေခြင်း
( စ ) အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် သင်တန်းကာလအတွင်း ပြင်ပလုပ်ငန်းများသို့လေ့လာရေးများ
ပို့ဆောင်ပေးခြင်း တို့ကိုအဆင့်ဆင့်လေ့ကျင့်သင်ကြားပေးပါသည်။
-သင်တန်းကာလ ( ၂ ) နှစ်တွင် စာတွေ့၊လက်တွေ့ စာမေးပွဲများ စစ်ဆေး၍ သတ်မှတ် အရည်အချင်း
ပြည့်မှီပါက G.T.H.S အောင်လက်မှတ်ကို ပေးအပ်ပါသည်။ထူးချွန်စွာအောင်မြင်ပါက G.T.I သို့ ဆက်လက်
တက်ရောက်ခွင့်ပြုသည်။
-အချုပ်အားဖြင့် ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံတွင် လျှပ်စစ်၏အခန်းကဏ္ဍာ သည် အလွန်အရေးပါပါသည်။
ထို့ကြောင့် လျှပ်စစ်နည်းပညာကို လေ့လာသင်ယူကြပါရန် G.T.H.S (Monywa) ET ဌါနမှ ဖိတ်ခေါ်လိုက်ပါသည်။
လျှပ်စစ်နည်းပညာဌာန ဝန်ထမ်းများနှင့် သင်ကြားသည့်ဘာသာရပ်များ
စဉ် | ဓာတ်ပုံ | အမည် |
---|---|---|
၁ | ဒေါ်သက်သက်မွန် BE (EP) ကထိက ဌာနမှုး ကျောက်ဆည်မှ(တွဲဖက်) |
|
၂ | ဒေါ်အေးမြဖြူ BE (EP) ကထိက |
|
၃ | ဒေါ်ဇင်မို့မို့ဦး AGTI(EP) ကျွမ်း(၁) |
|
၄ | ဒေါ်ဇင်မာနွယ် BE(EP) နည်းပြ |
|
၅ | ဒေါ်မေသော်ဇင် BE(EP) နည်းပြ |
|
၆ | ဒေါ်ဖြူဖြူရှိန် B.C(Tech) နည်းပြ |
|
၇ | ဒေါ်ဖြူဖြူဖွေး AGTI (EP) စက်မှုကျွမ်းကျင်(၃) |
စဉ် | ပထမနှစ်-ဘာသာရပ်များ | ဒုတိယနှစ်-ဘာသာရပ်များ | ကာလတိုသင်တန်းများ |
---|---|---|---|
၁ | Electrical Principals | Electrical Drives & machines | အခြေခံလျှပ်စစ်သွယ်တန်းမှုသင်တန်း |
၂ | Electrical Installation | Electrical Automation & Control | |
၃ | Drawings |
ဌာနတွင်းလှုပ်ရှားမှုများ (ET)
ကျွမ်းကျင်မှုနှင့်တီထွင်မှု ပြိုင်ပွဲ (၂၀၁၉)
Sample Description