Breaking News

လျှပ်စစ်နည်းပညာဌာန

ET ဌာနမိတ်ဆက်

လျှပ်စစ်နည်းပညာသင်တန်း ( ET ) ကို ၂၀၀၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပါသည်။ ET ဌာနမှ သင်တန်းကို ပုံမှန်သင်တန်းနှင့် ကာလတိုသင်တန်းဟူ၍ (၂ ) မျိုးဖွင့်လှစ် သင်ကြားပေးပါသည်။ (၁) ကာလတို သင်တန်း -ကာလတိုသင်တန်းမှာ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းပညာရပ်ကိုသင်ကြားပေးပြီး အတန်းပညာ ကန့်သတ်ချက်မရှိ မည်သူမဆို တတ်ရောက်နိုင်ပါသည်။ -သင်တန်းကာလမှာ နာရီပေါင်း (၈၀) ကြာမြင့်မှာ ဖြစ်ပြီး တစ်ကြိမ်လျှင်သင်တန်းသား (၂၀) ဦးလက်ခံ သင်ကြားပေးပါသည်။ -သင်ခန်းစာများကို လက်တွေ့လုပ်ဆောင်စေ၍ အမှန်တကယ်တတ်မြောက်ပြီး သင်တန်းပြီးဆုံးအောင် တတ်ရောက်လျှင် G.T.H.S မုံရွာမှ သင်တန်းဆင်းလက်မှတ် ထုတ်ပေးပါသည်။ (၂၀၁၇ မှ ၂၀၂၀ ) ထိ သင်တန်းအကြိမ်ရေ ( ၁၆ ) ကြိမ် ဖွင့်လှစ်ပေးပြီးဖြစ်ပါသည်။ (၂) ပုံမှန်သင်တန်း -ပုံမှန်သင်တန်းတွင် သင်တန်းကာလ ( ၂ ) နှစ်ရှိပြီး စာတွေ့ ၊ လက်တွေ့ များကို သင်ကြားပေးပါသည်။ သင်တန်းကာလတွင် အခြေခံပညာမှ ဘာသာရပ်များနှင့် လျှပ်စစ်နည်းပညာ ဘာသာရပ်များကို သင်ကြားပေးပါသည်။ -လျှပ်စစ်နည်းပညာဘာသာရပ်များတွင် (က ) လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ( ခ ) ရှေးဦး သူနာပြုစုနည်းများ ကိုသရုပ်ပြ သင်ကြားပေးခြင်း ( ဂ ) အခြေခံလျှပ်စစ် သဘောတရားများ ( ဃ) အိမ်သုံး လျှပ်စစ်ပစ္စည်းများ တည်ဆောက်ပုံနှင့်ပြုပြင်ခြင်းကို တစ်ဦးခြင်း စာတွေ့၊လက်တွေ့ သင်ကြား ပေးခြင်း ( င ) အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း၊ စက်ရုံ/အလုပ်ရုံများ၏ လျှပ်စစ်သွယ်တန်းခြင်းများကို နည်းစနစ်မှန် ကန်စွာ သင်ကြားပေးပြီး အဖွဲ့လိုက် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်စေခြင်း ( စ ) အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် သင်တန်းကာလအတွင်း ပြင်ပလုပ်ငန်းများသို့လေ့လာရေးများ ပို့ဆောင်ပေးခြင်း တို့ကိုအဆင့်ဆင့်လေ့ကျင့်သင်ကြားပေးပါသည်။ -သင်တန်းကာလ ( ၂ ) နှစ်တွင် စာတွေ့၊လက်တွေ့ စာမေးပွဲများ စစ်ဆေး၍ သတ်မှတ် အရည်အချင်း ပြည့်မှီပါက G.T.H.S အောင်လက်မှတ်ကို ပေးအပ်ပါသည်။ထူးချွန်စွာအောင်မြင်ပါက G.T.I သို့ ဆက်လက် တက်ရောက်ခွင့်ပြုသည်။ -အချုပ်အားဖြင့် ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံတွင် လျှပ်စစ်၏အခန်းကဏ္ဍာ သည် အလွန်အရေးပါပါသည်။ ထို့ကြောင့် လျှပ်စစ်နည်းပညာကို လေ့လာသင်ယူကြပါရန် G.T.H.S (Monywa) ET ဌါနမှ ဖိတ်ခေါ်လိုက်ပါသည်။

လျှပ်စစ်နည်းပညာဌာန ဝန်ထမ်းများနှင့် သင်ကြားသည့်ဘာသာရပ်များ

စဉ်ဓာတ်ပုံ အမည်
ဒေါ်သက်သက်မွန်
BE (EP)
ကထိက
ဌာနမှုး
ကျောက်ဆည်မှ(တွဲဖက်)
ဒေါ်အေးမြဖြူ
BE (EP)
ကထိက
ဒေါ်ဇင်မို့မို့ဦး
AGTI(EP)
ကျွမ်း(၁)
ဒေါ်ဇင်မာနွယ်
BE(EP)
နည်းပြ
ဒေါ်မေသော်ဇင်
BE(EP)
နည်းပြ
ဒေါ်ဖြူဖြူရှိန်
B.C(Tech)
နည်းပြ
ဒေါ်ဖြူဖြူဖွေး
AGTI (EP)
စက်မှုကျွမ်းကျင်(၃)
စဉ်ပထမနှစ်-ဘာသာရပ်များဒုတိယနှစ်-ဘာသာရပ်များကာလတိုသင်တန်းများ
Electrical PrincipalsElectrical Drives & machinesအခြေခံလျှပ်စစ်သွယ်တန်းမှုသင်တန်း
Electrical InstallationElectrical Automation & Control
Drawings

ဌာနတွင်းလှုပ်ရှားမှုများ (ET)

ကျွမ်းကျင်မှုနှင့်တီထွင်မှု ပြိုင်ပွဲ (၂၀၁၉)
received 372727213374912
« 2 of 9 »
Sample Description